၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်း

စဥ့်ကွင်းရဲ့ အရွယ်အစားက

အမြင့် - ၄၁.၉၁ စင်တီမီတာ ( ၁၆လက်မခွဲ) ဗျက်အကျယ် - ၃၀.၄၈ စင်တီမီတာ (၁၂ လက်မ) ထုအထူ - ၅.၀၈ ( ၂ လက်မ ) Marilyn Walter Grounds ဆိုသူက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။

ဓာတ်ပုံအမြင်အရ သိပ်မပျက်ဆီးသေးတာကို တွေ့ ရပါတယ်။ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာဖြစ်တယ်။ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေအဖြစ်ပုံဖော်ထားတာပါ။

အခုမြင်နေရတဲ့ စဥ့်ကွင်းကို အမေရိကန်နိုင်ငံ Los Angeles County Museum of Art မှာစုဆောင်းထားပါတယ်။ အများပြည်သူ လေ့လာနိုင်ရန်ပြသထားတဲ့ ပစ္စည်းစာရင်းထဲမှာမပါဘဲ အခြားပဲခူးစဥ့်ကွင်းတွေနှင့်အတူ သီးသန့် သိမ်းထားပါတယ်။ ၁၉၈၇ LACMA ခုနှစ်မှာ လုပ်ခဲ့တဲ့ ပြပွဲ ' Pal, Pratapaditya. Icons of Piety, Images of Whimsy. Los Angeles: Los Angeles County Museum of Art, 1987 အခြားစဥ့်ကွင်းတွေနှင့် အတူပြခဲ့ဖူးပါတယ်။ ပြပွဲမှတ်တမ်း စာဆောင် စာမျက်နှာ ၁၀၃ ၊ color plate p. 32, cat. no. 67b မှာ Tile with Animal-Headed Demons, 1479 လို့အမည်ပေးထားတာ တွေ့ ရပါတယ်။ 

အမြင်အရ ဒီစဥ့်ကွင်းဟာ လုပ်လက်စ အပြီးမသတ်ရသေးပုံပေါ်ပါတယ်။ မြင်နေကြမာန်စစ်သည်တွေအတိုင်း ခါးစည်းကလွဲပြီး အဝတ်မပါ။ ပုံဖော်ပြီးသား မြေသားအကြမ်းထယ်ကို စဥ့်ရည်သုတ်လိမ်းရာမှာ ရုပ်ပုံကိုယ်ထည်ကို အစိမ်းရောင်သုတ်လိမ်းတယ်ထားပါတယ်။ စဥ့်ရည်သုတ်သူဟာ ခါးစည်းအဝတ်ကို တခြားအရောင်သုံးဖို့ တမင် ကွက်ပြီးချန်ခဲ့တာ လို့ခန့်မှန်းရပါတယ်။ နောက်ခံ စဥ့်ကိုကိုယ်ထည်ပြားကိုလည်း အခြားအရောင်ပြောင်းသုံးပါလိမ့်မယ်။ နောက်တော့ မေ့သွားသလား ၊ အချိန်မရတော့လို့ဘဲလား မသိ အကြောင်းတစ်ခုခုကြောင့် သူ့အလုပ်ကို အပြီးမသတ်လိုက်ရတာဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အခြားပြတိုက်တွေမှာ ပြထားတဲ့ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်းတွေမှာ အရောင်တွေဖောဖောသီသီသုံးထားတာတွေ့ ရလို့ ပါ။

လူ့ ခန္ဓာကိုယ်မှာ တိရိစ္ဆာန်ခေါင်းတပ်ပေးလိုက်ပြီး မာန်နတ်မင်းရဲ့စစ်သည်တော်တွေကို သိပ်ကြောက်စရာကောင်းတဲ့ ဘီလူး သဘက်တွေအဖြစ်ပုံဖော်လေ့ရှိပါတယ်။ အခုမြင်နေရတာကတော့ တောဝက်ခေါင်းနှင့်ဖြစ်ပါတယ်။ မာန်စစ်သည်အများစုဟာ လက်နက် တစ်ခုခုကို ကိုင်စွဲထားလေ့ရှိသော်လည်း ဤစဥ့်ပြားတွင် မပါပေ။ မေ့သွား၍လားမပြောတတ်ပါ။ ရှေးပစ္စည်းတွေကိုလေ့လာရာမှာ ဒီလိုဘဲ လုပ်လက်စ အပြီးမသတ်ရသေးတဲ့ လက်ရာတွေအများကြီးတွေ့ ရလေ့ရှိတာကိုတော့ သတိထားပြီး လေ့လာနိုင်စေဖို့ ဝေမျှလိုက်ပါတယ်...


Credit to - ancientmyanmar.blogspot

No comments:

Post a Comment