Google Messenger Application

Android ဖုန်းတွေအတွက် Google မှ “Messenger” လို့အမည်ရတဲ့ application အသစ်ကိုထုတ်ဝေလိုက်ပါတယ်။ ဒီ application ဟာ ဖုန်းမှာ မူရင်းပါတဲ့ SMS/Message app နေရာမှာအစားထိုးအသုံးပြုဖို့ဖြစ်ပါတယ်။ Messenger app ကိုအသုံးပြုပြီး SMS/MMS Messaging များကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Messenger app မှာပါဝင်တဲ့ Feature တွေကတော့

– ဓာတ်ပုံ ၊ ဗီဒီယိုတွေကို ဒီ app ကနေအလွယ်တကူမျှဝေနိုင်ပါတယ်။

– ဖုန်း contact တွေကိုရှာဖွေရာမှာပိုမိုတိကျမြန်ဆန်အောင်ပြုလုပ်ပေးထားပါတယ်။

-Design အသွင်အပြင်ကတော့ Google ရဲ့နောက်ဆုံး Design ပုံစံဖြစ်တဲ့ Material Design အသွင်အပြင်နဲ့ဖြစ်တဲ့အတွက် ပုံစံကတော့လုံးဝဆန်းသစ်နေပါတယ်။

– SMS ပို့သူကို Block ထားနိုင်တဲ့ Feature ပါဝင်ပါတယ်။ SMS Sender ကို block ထားခြင်းဖြင့် ထိုသူပို့လာမယ့် SMS တွေအတွက်စိတ်ရှုပ်ခံနေစရာမလိုတော့ပါဘူး။

– ဖုန်း Contact ထဲမှာရှိနေတဲ့သူတွေကို audio message ပေးပို့နိုင်ခြင်း စတဲ့ Feature တွေပါဝင်ပါတယ်။

Messenger app ကို Material Design ဖြင့်ပြုလုပ်ထားပြီး Android version 4.1 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Messenger app ကိုအောက်က link ကနေရယူနိုင်ပါတယ်။

Click here

Credit - MMAS

No comments:

Post a Comment