ပုဂံကို ဖျက်ဆီးကြသူများ

" ပုဂံကဓာတ်ပုံပညာရှင် Kram Cam ၂၀၀၉ ဖေဖော်ဝါရီ လောက်က ပုဂံမှာ ရိုက်ခဲ့တဲ့ပုံပါ။
သူလည်း ရေးထားတဲ့စာကိုကြည့်ပြီး ဒေါသထွက်သွားပုံရတယ်။ သူ့ရဲ့ မှတ်ချက်က

Stupid tourists! Who graffiti's 1000 year old buildings!
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...

Photo by Kram Cam, Flickr.com

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ဆိုပြီး ပိုစ်တစ်ခုရေးခဲ့ဖူးတယ်။ အခက်ခဲတချို့ကြောင့် အဲဒိတုန်းက ပုံတွေ မထည့်ဖြစ်ခဲ့ပါ။ ဘယ်နှစ် နှစ်အတွင်းမှာ ပုဂံ အပါဝင် ဘုရား နှင့် ရှေးဟောင်းအဆောက်အုံ ဘယ်လောက်တွေပျက်စီးသွားပြီဆိုတာသိရအောင် သူများတွေရိုက်ထားတဲ့ ဓာတ်ပုံမှန်သမျှ ခုနှစ်မှတ်ထားပြီး စုပါတယ်။

၂၀၀၆ ခုနှစ်မှာ ရိုက်ထားတဲ့ မင်းကွန်း ပုထိုးတော်ကြီး နှင့် ၂၀၁၀ ဧပရယ် မှာရိုက်ထားတဲ့ ပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပုထိုးတော်ကြီး ဘယ်လောက်ပျက်ဆီးသွားတယ်ဆိုတာ သိရတယ်။ ဒါကြောင့် အချိန်ပေးပြီး ပုံတွေစုပါတယ်။ အတော်များများက နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တွေဆီကဖြစ်တယ်။

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ကိုရေးခဲ့တုန်းက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) လုပ်ရာမှာ

၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား ဆိုပြီးရေးခဲ့တယ်။

ခု အဲဒါကို ပြင်ဖို့လိုလာပါပြီ။ ဘုရားဖူးသူ မြန်မာ နှင့် နိုင်ငံခြားသား တွေကိုလည်း " ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) စာရင်းမှာ ထည့်ရပါမယ်။ ရောက်လေရာဘုရား ပုထိုး နှင့် အဆောက်အုံ တွေ ရဲ့နံရံ ဒါမှမဟုတ် အဓိကအရေးပါတဲ့ နေရာတွေမှာ နာမည်နှင့် ရက်စွဲရေးထားခဲ့တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် နှစ်ပေါင်းထောင်ချီကြာနေပြီဖြစ်တဲ့ ရှေးလက်ရာတွေ ပျက်စီးရတယ်။ အဲလို စာရေးတက်တဲ့ ဘုရားဖူးတွေထဲမှာ နိုင်ငံခြားသားတွေပါတယ် ဆိုပေမယ့် အများစုက မြန်မာတွေဖြစ်တယ်။ ဒါကြောင့် မိမိနှင့် နီးစပ်ရာကို တတ်နိုင်သလောက် အခြေခံအသိ ပညာပေး ကြပါဗျာ။


Credit to - ancientmyanmar.blogspot

No comments:

Post a Comment