✔Website ရေးသားခြင်းဆိုင်ရာ စာအုပ်များ Web Essential Ebook collection(27MB)✔

အထဲမှာ Joomla ဖြင့် ၀ဘ်ဆိုက်ရေးနည်း၊Wordpress ဖြင့် ၀ဘ်ဆိုက်ရေးနည်း၊Blogger ၀ဘ်ဆိုက်ရေးနည်း အများကြီးပါပါတယ်။စုစုပေါင်းအုပ်(20)ပါပါတယ်။ Size ကလည်း (27 MB) ဆိုတော့ ဒေါင်းထားလိုက်ပါ။တကယ့်ကိုအကျိုးရှိတဲ့ စာအုပ်တွေပါ။စာအုပ်စာရင်းကိုအောက်မှာ ရေးပြထားပါတယ်။

Basic Joomla Google Apps
Content Management System & Dynamic Portal Engine
Domain Name System ( DNS ) Server
Dynamic Host Configuration Protocol (DHCP)
How to install Wordpress
how to make myanmar blog
HTML
Joomla Finish
Joomla
Leaning Webdesign
Making  CHM file
Making Blog
making wordpress
MMPHPEbook
MySQL lessons in Burmese
Peek A BooPost
Using Wordpress
Web Development Best Practices
Wordpress Free
Wordpress Making by Yamanya PhoeLaPyae

★DOWNLOAD ဆွဲရန်​လင့်​ခ်​★

Here
              (OR)

Here

(Rar fileကိုဖြည်​လိုက်​ပါကpdfစာအုပ်​များ
ရရှိမည်​ဖြစ်​ပါသည်​)

Credit>>ညီ​နေမင်း(နည်းပညာ)

Candy Crush saga latest version 1.42.0 လေးပါ...

 

Candy Crush SagaDownload candy-crush-saga-1.42.0.apk from Zippyshare Server

Free Casual Game by King
9,872,672 votes, average: 4.30 out of 59,872,672 votes, average: 4.30 out of 59,872,672 votes, average: 4.30 out of 59,872,672 votes, average: 4.30 out of 59,872,672 votes, average: 4.30 out of 5 Downloads: 16687 Updated: November 24, 2014  candy crush ကိုအရမ်းကြိုက်တဲ့သူများ အတွက် နောက်ဆုံး version လေးပါ...
 PC ကနေ down ရန်...
  http://www13.zippyshare.com/v/64846542/file.html
 play store ကနေ down ရန်...
https://play.google.com/store/apps/details?id=com.king.candycrushsaga
မူရင်း link:  http://www.apk4fun.com/share/97/

အမှောင်ရဲ့ည

                                          အမှောင်ရဲ့ည...

                                           အလွမ်း...
                                           တမ်းတရင်း 
                                           ကြွေနေတယ်...
                                           မျက်ရည်တစ်စ...

                                           ဟိုးအဝေးက...
                                           အမှောင်ထဲမှာ...
                                           ခေါ်သံသဲ့သဲ့...
                                           ကြားယောင်နေတဲ့...
                                           ငါ့ဘဝရဲ့ အမှောင်ထဲကည...
                                                                                     beta...

ကိုယ့်ရဲ့ချစ်သူ ဘာအိပ်မက် မက်နေသလဲ သိနိုင်မယ့် App

သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။

စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။

App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောင်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံစဖမ်းပေးမယ့် app ပါပဲ။

နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရစေမှာပါ။






Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း

Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့ 

လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို

သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ

ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့ 

ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း

နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ

အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ............။

Download ( Mediafire ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ

Download ( Zippyshare ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ

Download ( Minus ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ 


From - mssk

ကြေးနန်းအကြောင်း

အီလက်​ထရွန်းနစ်​ဆက်​သွယ်​​ရေးစံနစ်​များတိုးတက်​​ကောင်းမွန်​လာ​သော ယ​နေ့​ခေတ်​တွင်​ ​​ကြေးနန်းဟု​ခေါ်​သော ဆက်​သွယ်​​ရေးစံနစ်သည်​ကွယ်​​ပျောက်​လုနီးပင်​ဖြစ်​ပါသည်​။ အသုံးပြုသူလည်း မရှိသ​လောက်​ပင်​နည်းပါး​နေပြီဖြစ်​သည်​။ တချို့ကြားပင်​မကြားဖူးဟုဆို​သော ညီ၊ညီမ​လေးများလည်းရှိပါသည်​။ ​ကြေးနန်းစံနစ်​သည်​ လျှပ်​စစ်​ပစ္စည်းများ တွင်​တွင်​ကျယ်​ကျယ်​ ထုတ်​လုပ်​ အသုံးမပြုနိုင်​​သေး​သောကာလတွင်​​ပေါ်​ပေါက်​ခဲ့​သော ပထမဦးဆုံး အီလက်​ထရွန်းနစ်​ ဆက်​သွယ်​​ရေးပင်​ဖြစ်​သည်​။ သို့​သော်​ ထိုစနစ်​ကို တီထွင်​သူမှာ သိပ္ပံပညာရှင်​တစ်​ဦးမဟုတ်​ပဲ ပန်းချီ၊ပန်းပု အနုပညာရှင်​တစ်​ဦးဖြစ်​သည်​။ အ​မေရိကန်​နိုင်​ငံသား၊မက်​ဆာချူးဆက်​ပြည်​နယ်​၊ချားစ်​​တောင်း မြို့တွင်​ ​မွေးဖွား၍ ဆင်​မြူရယ်​​မော့စ်​ ဟုအမည်​တွင်​သည်​။ ပန်းချီနှင့်​ပန်းပုသည်​ သူ၏အသက်​​မွေးဝမ်း​ကျောင်းပညာရပ်​ပင်​ဖြစ်​သည်​။ ​အောင်​မြင်​မှုလည်းအ​တော်​ရရှိကာ ​အနုပညာဘက်​တွင်​​ကျော်​ကြားခဲ့သူဖြစ်​သည်​။ သို့​သော်​ ​ကြေးနန်းရိုက်​ကိရိယာကို တီထွင်​ပြုလုပ်​နိုင်​ခဲ့​သောအခါ ပို၍ထင်​ရှားခဲ့၏။ ​သို့​သော်​ကနဦးတီထွင်​သူတို့၏ ထုံးစံအတိုင်း အလွယ်​တကူ​အောင်​မြင်​မှုရခဲ့ခြင်းမဟုတ်​ပါ​ချေ။ ​​ခြောက်​နှစ်​​ကျော်​ ခုနှစ်​နှစ်​ကာလအတွင်း ဒုက္ခ​ပေါင်းစုံသွားသည်​။ အနုပညာလုပ်​ငန်းဖြင့်​ဝင်​​ငွေ​ဖြောင့်​ခဲ့​သော ဆင်​မြူရယ်​​မော့စ်​သည်​ ထိုတီထွင်​မှုကို လုပ်​ကိုင်​​သောကာလအတွင်း ပိုက်​ဆံမရှိ၍ ထမင်းဝယ်​စားရန်​ပင်​အခက်​​တွေ့သည့်​အ​ခြေအ​နေမျိုးကိုလည်း ကြုံ​တွေ့ခဲ့ရသည်​။ ​ကြေးနန်းရိုက်​ကိရိယာ၏သ​ဘောမှာ ပို့မည့်​ဘက်​မှခလုတ်​၏ အပိတ်​၊အဖွင့်​၊ရပ်​နားထားမှု အစရှိ​သော သ​င်္ကေတ သုံးမျိုးကို လက်​ခံမည့်​ဘက်​ကမှတ်​သားထားရသည်​။ ထိုသ​င်္ကေတတို့ကို ​ပေါင်းစပ်​၍ အက္ခရာများအဖြစ်​ ဖတ်​ရှုရ​ပေသည်​။ ​ဥပမာ အစက်​က​လေးနှစ်​စက်​ ( . .) ၏အက္ခရာက A ၊အစက်​က​လေးနှင့်​အတန်း​လေး( . -- ) က B အစရှိသဖြင့်​​ကြေးနန်းဘာသာစကားတစ်​ခုကိုလည်းကြိုတင်​​ရေးဆွဲပြဌာန်းထားရသည်​။ တီထွင်​ပြီးကာစတွင်​ လူအများကအထင်​မကြီးခဲ့ကြ​သော်​လည်း အမှန်​တကယ်​အသုံးဝင်​​ကြောင်းကို နားလည်​လာကြ​သောအခါ ​ကြေးနန်းဆက်​သွယ်​​ရေးသည်​ လုပ်​ငန်းကြီးတစ်​ခုအဖြစ်​​ပေါ်​ပေါက်​လာသည်​။ ​ဒေသတွင်းဆက်​သွယ်​​ရေးမှသည်​ နိုင်​ငံအချင်းချင်းပင်​ဆက်​သွယ်​လာနိုင်​သည်​။ ​ကြေးနန်းဆက်​သွယ်​​ရေးသည်​ မြန်​မာပြည်​သို့ ကုန်း​ဘောင်​​ခေတ်​​နှောင်းပိုင်းတွင်​​စတင်​​ရောက်​ရှိခဲ့သည်​။ ​ကြေးနန်းဟုမြန်​မာမှုပြုရခြင်းမှာ ဆက်​သွယ်​မှုပြုမည့်​​ဒေသအချင်းချင်း ​ကြေးနန်းကြိုးကြီးများသွယ်​တန်း၍ ထို​ကြေးနန်းကြိုးကြီးများဖြင့်​​ လျှပ်​စစ်​အချက်​ပြမှုများကို ပို့လွှတ်​ရ​သော​ကြောင့်​ဖြစ်​သည်​။ အင်္ဂလိပ်​လို Telegraph ဟု​ခေါ်ပါသည်​။ ဆင်​မြူရယ်​​မော့၏ အားထုတ်​မှု​ကြောင့်​ သတင်းဆက်​သွယ်​​ရေး၏ အချိုးအ​ကွေတစ်​ခု​ဖြစ်​​ပေါ်ခဲ့ခြင်းပင်​ဖြစ်​သည်​။ ​ကြေးနန်းရိုက်​သည့်​ တစ်​လိုင်းဖြတ်​ ခလုတ်​က​လေးများကို ဆင်​မြူရယ်​​မော့စ်​အား ဂုဏ်​ပြုသည့်​အ​နေဖြင့်​ ​မော့စ်​ကီးများဟု​ခေါ်ဆိုခဲ့ကြသည်​။ Telegraph ​ခေါ်​ကြေးနန်း၏​နောက်​တွင်​ ပိုမိုအဆင့်​မြင့်​​သော Teleprint ဟူ​သော ကြားခံဘာသာပြန်​စရာမလိုဘဲ အက္ခရာတို့ကို စာရွက်​​ပေါ်တွင်​ တစ်​ခါတည်းရိုက်​နှိပ်​​ဖော်​ပြ​ပေးနိုင်​​သောစက်​ကို တီထွင်​ဝိဇ္ဇာကြီး ​သောမတ်​စ်​အက်​ဒီဆင်​က ဖန်​တီးတီထွင်​နိုင်​ခဲ့သည်​။ ထို့​နောက်​တွင်​ မာကိုနီဆိုသူက ကြိုးသွယ်​တန်းစရာမလို​သော ကြိုးမဲ့​ကြေးနန်းစနစ်​ကို ထပ်​မံတီထွင်​ခဲ့ပြန်​သည်​။ ထို​ကြိုးမဲ့​ကြေးနန်းသည်​ ​ရေဒီယို၊တယ်​လီဗီးရှင်းတို့၏ ​ရှေ့​​တော်​​ပြေးအ​ခြေခံဖြစ်​ခဲ့သည်​။ တယ်​လီဖုန်းများ၊အင်​တာနက်​အသုံးပြုမှုများ လွယ်​ကူ​နေသည့်​ယ​နေ့​ခေတ်​တွင်​ ​ကြေးနန်းဟူ​သော ရိုးရှင်းသည့်​စနစ်​က​လေးကို ​မေ့​လျှော့​နေခဲ့ကြပါသည်​။ သို့​သော်​ ထို​ကြေနန်းစနစ်​သည်​ သူ့​ခေတ်​သူ့အခါက အ​ရေးကြီးသတင်းစကားများကို အချိန်​နှင့်​တ​ပြေးညီ​ပေးပို့နိုင်​ခဲ့သည်​။ ​ဘေးအန္တရာယ်​များကိုလည်း ကြိုတင်​သတိ​ပေးနိုင်​ခဲ့သည်​။ ဤသို့အ​ရေးကြီး​သော လူသားအကျိုးပြုလုပ်​ငန်းများလုပ်​​​ဆောင်​နိုင်​ခဲ့သည်​ကို ဗဟုသုတအဖြစ်​​ရေးသားတင်​ပြလိုက်​ရပါသည်​။


by - ​ကောင်း​ကောင်း

Viber အလွမ်း

ဘယ်​ဆီးရီးထဲမှာမှ မပါ​သေးတဲ့သီချင်း ဦးဦးဖျားဖျားနားဆင်​နိုင်​​အောင်​ ခွင့်​​တောင်းပြီးတင်​​ပေးလိုက်​ပါတယ်​...
Viber ချစ်​သူ​တွေအတွက်​...
တေးဆို - သွန်းသ
တေး​ရေး - လွမ်းရင့်




Microsoft Songmith နဲ့ ရင်တွင်းဖြစ်တွေ ဆိုခွဲလိုက်ရအောင်

ခင်ဗျားရင်ထဲမှာကော တေးတစ်ပုဒ်ရှိလား။ ဖွင့်ထုတ်ပစ်လိုက်ချင်တာမျိုးလေ တစ်ခုခုပေါ့။
ဆော့ဝဲဂျိုင်းယန့်ကြီး မိုက်ကရိုဆော့က ဆော့ဝဲတစ်ခုထုတ်လုပ်လိုက်လေရဲ့။
Microsoft Songsmith တဲ့။ ခင်ဗျားရင်ထဲက တေးသွားအတိုင်း သူက လိုက်တီးခတ်ပေးပါ့မယ်တဲ့။
စမ်းကြည့်ပါဦးလား။
ဘာလိုအပ်မလဲဆိုတော့ အသံသွင်းဖို့ မိုက်နဲ့ ပြန်နားထောင်ဖို့ နားကြပ်နဲ့ပေါ့ဗျာ။
ကျနော့်လို ရေချိုးခန်း အဆိုတော်တွေ အကြိုက်ပေါ့။ (အသံဝါ၊ အသံပြာ ပြောချင်သလိုပြော၊ အသံမကောင်းဘူးပေါ့လေ)
ဆိုချင်တာ ဆို..ဘယ်တီးဝိုင်းမှ ငှါးစရာမလိုတော့ဘူး။ ဂီတ Note မကျွမ်းလည်း ရပါတယ်တဲ့။ ဘာ cord နဲ့ ဆိုချင်လည်း ဆိုချင်တာသာ ရွေးလိုက်ပါ။ သီချင်းအလိုက်ကို ခံစားပြီး တေးသွား ရအောင် ဖော်ပေးမယ် ဆိုသဗျ။ ကာရာအိုကေနဲ့ ဘာကွာလဲဆိုတော့ ကာရာအိုကေနဲ့က သူများဆိုထားတဲ့ သီချင်းအဟောင်းကိုပဲ ဆိုလို့ရတယ်။ ဒီဟာက ခင်ဗျားရဲ့ ရေတွင်းဖြစ်ကို လိုက်တီးခတ်ပေးမတဲ့။ အောက်ကနေသွားလိုက်ပါ။ trial version ပါ။
98.49mb ရှိပါတယ်
credit to - sai ko ko blog post

နည်းပညာစာအုပ် စုစည်းမှု

ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ဒေါင်းရန်

၁။ Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင် 
၂။ GTALK နှင့်ပက်သက်သမျှ
၃။ လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
၎။ Google လျို့ဝှက်ချက်များ
၅။ ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
၆။ ၀က်ပေ့ခ်ျတစ်ခုဖန်တီးခြင်း
၇။ HTML မိတ်ဆက်

၈။ ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ

၉။ PHOTOSHOP NOTES(2)
၁၀။ ADOBE PHOTOSHOP CS (မြန်မာ)
၁၁။ ADOBE PHOTOSHOP 7.0
၁၂။ ဖိုတိုရှော့မှတ်စုများ
၁၃။ ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
၁၄။ ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ
၁၅။ ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
၁၆။ ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
၁၇။ ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
၁၈။ ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
၁၉။ ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
၂၀။ အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
၂၁။ ကွန်ပျူတာအမေးအဖြေ
၂၂။ ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း
၂၃။ ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်း
၂၄။ သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
၂၅။ ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ

Photoshop CS5

စာအုပ်အမည် - Photoshop CS-5
စာရေးသူ - YE` SHIN

ဒေါင်းရန်

Networking


စာအုပ်အမည် -ကွန်ပျူတာမှ ကွန်ယက်ဆီသို့
စာရေးသူ - မျိုးသူရ

ဒေါင်းရန်

HD Pink For Facebook v1.9.5

မိန်းကလေးတွေ အကြိုက်တွေ့စေမယ့် Facebook Application ပန်းရောင်လေးကို တင်ပေးလိုက်ပါတယ်။ Play Store မှာ ဒီ Application ကို ပိုက်ဆံပေးဝယ်ရမှာဖြစ်ပေမယ့် ဒီနေရာမှာ Free ရယူနိုင်ရန် ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။

Updated: August 13, 2013
Requires Android: 2.1 and up
Current Version: 1.9.5
Size: 5.3MB

Free Download HD Pink For Facebook
Free Download HD Pink For Facebook



Credit to - ONE MOBILE CONOR

Runtastic Heart Rate Pro

သင့်ရဲ့နှလုံးခုန်နှုန်း ဘယ်လောက် ရှိတယ်ဆိုတာ ဖော်ပြပေးမယ့် Android App တစ်ခုကို တင်ပေးလိုက်ပါတယ်။ အဲဒီ App ကို Runtastic ကုမ္ပဏီက ဖန်တီးထုတ်လုပ်ပေးပြီး နာမည်ကတော့ Runtastic Heart Rate App လို့ ခေါ်ပါတယ်။

Runtastic Heart Rate App မှာ နှလုံးခုန်နှုန်းတွေကို တိုင်းတာဖို့အတွက် Camera Sensor ကို အသုံးပြုရမှာပါ။ Camera Sensor ပေါ်ကို လက်ချောင်းတင်ပေးလိုက်ရင် သင့်ရဲ့နှလုံးခုန်နှုန်းတွေကို တွက်ချက်ပေးတော့မှာ ဖြစ်ပါတယ်။

အခုတင်ပေးလိုက်တာက Pro Version ဖြစ်တဲ့အတွက် အကြိမ်ရေအကန့်အသတ်မရှိ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ Free Version မှာတော့ တစ်ရက်ကို 3 ကြိမ်သာ အသုံးပြုခွင့်ရှိပါတယ်။

Updated: January 3, 2014
Current Version: 1.2.4
Requires Android: 2.2 and u
Size: 9.0MB
Price: 1.99€ in playstore

download free here




credit to - ONE MOBILE CONOR

Android အတွက် မြန်မာ keyboard များ

တွေ့သလောက် စုပေးထားပါတယ် ထပ်တွေ့ရင် ထပ်တင်ပေးပါမယ်

Mone Tine Keyboard
Swype keyboard
Sulfur's keyboard
Sulfur's keyboard
Bagan Keyboard Pro v2.1.1
Frozen Zawgyi Keyboard Pro v1.0.1
FrozenZawgyiKeyboardPro1.0.1
Frozen Keyboard Black v1.1.3
Frozen Keyboard Black HD v1.1.3
Frozen Keyboard Blue Shape v1.1.3
Frozen Keyboard Green v1.1.3
touchpalkeyboard
FrozenKeyboardPro_Unicode
Sanmyanmarkeyboard
မြန်မာကီးဘုတ်
FrozenKeyboardProv1.0.9
BaganKeyboardv3.2.4
Myandroid Soft Keyboard
မြန်မာကီးဘုတ်
iTextmm2 Keyboard
iTextmm(Slide) Keyboard

Unfriend day

ဖေ့စ်ဘွတ်ခ်အိမ်ရှင်းသည့်နေ့ (7DayNews Journal)တနင်္လာနေ့ကို National Unfriend Day ဟု သတ်မှတ်ကြောင်း ကြားဖူးပါသလား။ ဤအားလပ်ရက်က အစစ်အမှန်တော့ မဟုတ် ပါ။ ယင်းကို တီဗီစကားဝိုင်းတင်ဆက်သူ ဂျင်မီကမ်းမဲလ်ကတီထွင် လိုက်ခြင်းဖြစ်သည်။ သူ့အဆိုအရ ဖေ့စ်ဘွတ်ခ်မိတ်ဆွေဆိုသူထဲမှ အမျိုးအစား ငါးမျိုးကို Unfriend လုပ်သင့်သည်ဟူ၏။ဖေ့စ်ဘွတ်ခ်ကို မိမိစိတ်ဝင်စားဖွယ်ရာများ ဖတ်ရှုရန်၊ ဖလှယ်ရန်၊ ရေးသားရန်၊ ဆွေးနွေးရန်၊ အသိမိတ်ဆွေများနှင့် ရံဖန်ရံခါ ဆက်သွယ် ကြရန်၊ စာမရေး ဖုန်းမဆက်သော်လည်း ကြီးမားသော အပြောင်း အလဲများဖြစ်လာပါက မိသားစုဆွေမျိုးမိတ်ဆွေ အသိုင်းအ၀ိုင်းအတွင်း သိမြင်ကြရန် ဤစာမျက်နှာကို ဖွင့်ကြသည်။ ယင်းသို့ပြုလုပ်ရန် အတွက် မိတ်ဆွေများကို လက်ခံကြသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဖေ့စ်ဘွတ်ခ်တွင်အနှောင့်အယှက်ဖြစ်စရာ မိတ်ဆွေစာရင်းက အဆမတန်တိုး၍လာနေသည်။ ထို့ကြောင့် စိတ် ပြတ်ပြတ်သားသားချပြီး မိမိ၏ လူမှုရေးကွန်ရက်စာမျက်နှာကို အိမ်သန့် ရှင်းရေးလုပ်သလို သံယောဇဉ်ဖြတ်ကာ သန့်ရှင်းရေးလုပ်သင့်ပြီဟု လူမှု ရေးလေ့လာသူများကအကြံပြုကြသည်။အနေဝေးလှသည့် ဟိုးယခင်က ကျောင်းနေဖက် သူငယ် ချင်းဟောင်းများ၊ ခပ်ဝေးဝေးကတော်စပ်သည့် အမျိုး များ (သို့မဟုတ်) အစေးမကပ်သည့် လုပ် ဖော်ကိုင်ဖက်များနှင့် ရေးတေး တေးသာ မှတ်မိပြီး လုံးဝမသိ သူများကို မိမိ၏လူမှုရေးကွန်ရက်အတွင်း ဆက်မထားသင့်ဟု အကြံ ပေးကြသည်။ဖေ့စ်ဘွတ်ခ်သုံးသူ လူကြီးတစ်ဦးတွင် ပျမ်းမျှအားဖြင့် အွန်လိုင်း မိတ်ဆွေ ၃၃၈ ဦးခန့်ရှိပြီး ယင်းတို့အားလုံးနှင့်သာ ဆက်သွယ်နေမည် ဆိုလျှင် သင်သည် စူပါမင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လွှတ်တော်အမတ် ရွေးချယ်ခံရန် လူရနေပြီဟု ဆိုသည်။ ထို့ကြောင့် မိမိ၏ အွန်လိုင်းမိတ် ဆွေစာရင်းမှ ထုတ်ပယ်သင့်သူများကို Talk-Show တင်ဆက်သူ ဂျင်မီ ကမ်းမဲလ်က ယခုလို အကြံပြု၏။မူလတန်းကျောင်းသားဘ၀က အတန်းဖော်များအနေဝေးလွန်းသဖြင့် တစ်ကြိမ်တစ်ခါ နှုတ်ဆက်ကြရုံကလွဲ၍ ရှယ်စရာကုန်သွားမည်။ ယင်းနောက်ပိုင်းတွင် ပြောစရာမရှိ တော့ဘဲ ကြောင်တောင်တောင်နှင့် အနေခက်သည့် တစ်ချိန် ရောက်လာနိုင်သည်။ စောစောစီးစီး ဖြတ်လိုက်ပါ။အရှယ်လွန်သူများ‘‘ဒီမှာ မနက်စာဗျို့’’ဟုမနက်စာတိုင်းကိုဓာတ်ပုံရိုက်တင်နေသူ များ၊ ‘‘မနက်တိုင်းရုံးသွားရတာ စိတ်ညစ်လိုက်တာ’’ဟူ၍ နိစ္စဓူဝ လုပ်ငန်းကို တင်လောက်စရာပို့စ်ဟု ထင်နေသူများ။ ‘‘ဒီတစ်ပတ် အတွက်ကျွန်မကလေးရဲ့ (၁၁) ကြိမ်မြောက် ဓာတ်ပုံစလိုက်ရှိုးပါ။ ကြည့်ကြပါဦး၊ သိပ်ချစ်စရာကောင်းတာပဲ’’ဟု မိမိကလေး လှုပ်ရှား သမျှပုံကိုရိုက်ပြီး တင်နေသူမိခင်များ စသဖြင့် အရှယ်လွန်သူများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် ရေဒီယိုကြော်ငြာလိုပင် ဖြစ်လာသည်။ အရေးကောင်း ဒိန်းဒေါင်းဖျက်သလို သတင်းနားထောင်ရင်း၊ သီချင်း နားထောင်ရင်း ၀င်လာသည့် စိတ် ရှုပ်စရာကြော်ငြာကို မည်သူမှ မနှစ်သက်ကြပါ။ ပိုဆိုးသည်က ယင်းအရှယ်လွန်သူများ တင်သည့်ပို့စ်က များပြားလွန်းသောကြောင့် သင် တကယ်မြင်ချင်၊ ကြားချင်သည့် မိတ်ဆွေ များ၏ ပို့စ်များကို မမြင်ရတော့ခြင်းပင်။ ထို့ကြောင့် အရှယ်လွန်သူများကို ထုတ်ပစ်လိုက်ပါဟူ၏။အဟောင်းများဟောင်းတိုင်းလည်း မ ကောင်းပါ။ ရည်းစားဟောင်း များကို အမှန်တကယ်အနေအ ထား ပြောင်းပြီး မိတ်ဆွေကောင်း များ ဖြစ်မလာနိုင်ဘူးဆိုလျှင် ဖေ့စ်ဘွတ်ခ်မိတ်ဆွေအဖြစ် ဆက် မထားပါနှင့်။ သနားရအောင်က လည်း မဟုတ်၊ မိမိလမ်းမိမိဆက်လျှောက်ရမည်ဖြစ်၍ ထားစရာ အကြောင်းတစ်စုံတစ်ရာ မရှိပါ ဟူ၏။အပျော်လွန်၊ အကောင်းလွန်၊ အလှလွန်နေသူတို့၏ကြော်ငြာများအားလုံးကတော့ ဖေ့စ် ဘွတ်ခ်ပေါ်တွင် ပုံကောင်းလေး များကိုသာ တင်လိုကြသည်။ သို့ သော် သင့်မိတ်ဆွေများထဲတွင် ကြော်ငြာဝင်နေသူများလည်း ရှိ နေသည်။ သူတို့၏ လှပသည့်အိမ် များ၊ ကျောင်းများတွင်အတော် လွန်နေကြသည့် သူတို့၏ကလေး များ၊ ကောင်းလိုက်သည့်စီးပွား ရေး အောင်မြင်မှုများ၊ စား သောက်ဆိုင်အသစ်များတွင် ပလူပျံနေသည့် စားကောင်း သောက်ဖွယ်များနှင့် ကမ်းခြေ တကာတွင် အပန်းဖြေသည့် သူတို့၏ ရိုမန်တစ်စုံတွဲပုံများ။ သတင်းဆိုးတော့ မဟုတ်ပါ။ သို့ သော် ထိုသူများသည် ဘယ်တော့ မှလည်း သတင်းဆိုးဟူ၍ မရှိဘဲ အကောင်းလွန်နေသည့် သတင်း များသာ ဖြစ်နေသည်။ ဟောလိ ၀ုဒ်ရုပ်ရှင်လား။ ပုံတိုင်း ပုံတိုင်းက လည်း ပြုပြင်ထားသည့် ပုံများလို ဖြစ်နေသည်။ ယင်းသို့သော သူ များသည် တခြားသူများတင်ထား သည့် မလှမပပုံများကိုလိုက်ခ် လုပ်ပြကာ သူတို့၏ ကြွားဝါးမှုများ ကို လူကြည့်အောင် နည်းမျိုးစုံနှင့် လုပ်နေကြသည်ဟု ကမ်းမဲလ်က ဆိုသည်။ မိမိဧည့်ခန်းသည်အကြွားသန်သူများလာရောက် နှောင့်ယှက်စရာ နေရာမဟုတ်ပါ။ ကြော်ငြာခပေးပြီး ကြော်ငြာရ သည့် နေရာများသို့ သွားကြပါစေ ဟူ၏။Unfriend နှင့် Block လုပ် သင့်ကြောင်း အကြံပြုသည့်စာ ရင်းတွင် Candy Crush Request ပို့သူများ၊ တစ်ပါးသူ၏ မဆီ မဆိုင်ကလေးများ ဖေ့စ်ဘွတ်ခ် တွင် Friend လုပ်နေခြင်းများ၊ လေ့ကျင့်ခန်းကြော်ငြာသလို လေ့ ကျင့်ခန်း လုပ်နေသည့် မိမိ၏ပုံ ကိုတင်ပြီး ကြော်ငြာသူများ၊သဲ သောင်ခြေတွင် အပန်းဖြေနေ သည့် ၎င်းတို့စုံတွဲပုံတင်သူများ၊ စားသမျှဓာတ်ပုံရိုက် တင်နေသူ များ၊ နိုင်ငံရေးပြဿနာအ ကြောင်း အတင်လွန်သူများ၊စာ လုံးပေါင်းမစစ်ဘဲ ဖြစ်သလိုရေး တင်နေသူများ၊ ထိုသူများကို သင့် လူမှုရေးဧည့်ခန်းထဲက ထုတ် လိုက်ပါဟု အမေရိကန် Talk-Show တင်ဆက်သူ ဂျင်မီကမ်း မဲလ်က အကြံပြုလိုက်သည်။ဤသည်ကား အမေရိကန် လူမှုရေးကွန်ရက်စာမျက်နှာပေါ် မှ ပြဿနာများအပေါ် အမေရိ ကန်တစ်ဦး၏ အကြံပြုချက်သာ ဖြစ်ပါသည်။မှတ်ချက်(7 Days)-မနေ့တစ်နေ့ကမှ ဖေ့စ်ဘွတ်ခ်စတင်သုံးစွဲလာကြ သော မြန်မာများကိုတော့ သူက ရည်ရွယ်ပုံမရပါ။မရည်ရွယ်ဘဲ ထိခိုက်သွားပါလျှင်လည်း ဂျင်မီ ကမ်းမဲလ်ကိုသာ ဆက်သွယ်ကြ ပါကုန်။မှတ်ချက်။ တချို့ဟာတွေအမြင်တူပေမယ့်မူလတန်းကမိတ်ဆွေတွေကတော့တန်ဖိုးထားစရာပါကိုယ်တွေမှာမနဲတောင်လိုက်ရှာနေရတာ။
Credit to - Ko Hein Htet from facebook wall post

စိတ်အစာပြေ


credit to - မြတ်လေး

နီကိုရဲ စာအုပ်​များ

ဆရာနီကိုရဲရဲ့ စာအုပ်တွေစုပြီး တင်ပေးလိုက်ပါတယ် ကြိုက်တာသာ ဆွဲပေတော့ဗျာ

ကျွန်တော်နှင့်လက်တွဲဖေါ်များ

ကျွန်တော်နှင့်ဈေးသည်အလွဲများ

တစ်သုံးခုနှစ်ရှစ်

လှည့်စား

သံစုံကြူးတဲ့ည

လွယ်အိတ်ထဲကအလွဲများ

နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ 

ဇွတ် 

ဇက်ပေါ်ကဆီးသီး 

ကြက်ဖ

ငတုံး

မသိကိန်းများ

ညှို့တံမဲ့မျှားနှစ်စင်း

ဘာကြီးလဲ

မချစ်ဘူး

သစ္စာမျှားနီ

ဒဏ်ရာရလိပ်ပြာအထူးကု

သူရာထောင့်မှအလွဲများ

နှလုံးသားနဲ့ ကန်တဲ့ဘောလုံး

Next Launcher 3 Shell v 3.20.2

Next Launcher 3 Shell v 3.20.2

Next launcher 3 shell ရဲ့ update version အသုံးပြုလိုသူများ အတွက်

ဒေါင်းရန်​ - Next Launcher 3 shell

သိန်းသန်းသည် သိုင်းသင်သောသူ။

သိန်းသန်းသည် သိုင်းသင်သောသူ။

သုံးသိန်းသုံးသောင်းသော သိုင်း သူသိသည်။
သို့သော်သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည်။

သွေးသောက်သိုင်း သုံးသော်
သုသာန်သို့ သွေး သွားသွားသွန်သည်။

သူသည် သန်သည်၊ သွက်သည်
သူ့သားသည် သန့်သည် ... သို့သော် သေးသေးသွယ်သွယ်
သူ့သားသူ သွန်သင်သည်
“... သား ... သွေးသောက်သိုင်းသင် ...”

သို့သော် သူ့သားသည် "သေး "သောက်သိုင်းသာ သင်သည်။

သေး သောက်သိုင်းသင်သော် သေး သွန်သည်
သူ့သားသည် သဲသောင်သို့ သေး သွားသွားသွန်သည်
သဲသယ်သောသူ သိသော် သတ်သည် သူ့သား သေသည်
သူသိသော် သဲသောင်သို့ သူသွားသည်။

သဲသယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက်သိုင်း...
သို့သော် သူသုံးသောသိုင်းသူသိသည် သွေးသောက်သိုင်းသည် သာသည်။
သူ သွေးသောက်သိုင်းသုံး သုတ်သင်သည်။
သဲသယ်သောသူ သေသည်။
သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...

- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသည်”။။

Original writer : တာရာပွကြီး

မှိုစိုက်ပျိုးနည်း Book

စိုက်ပျိုးရေးဝါသနာပါသော သူငယ်ချင်းတို့အတွက်
မှိုစိုက်ပျိုးနည်း စာအုပ်လေးတင်ပေးလိုက်ပါတယ်။
ကိုယ်တိုင် စားသုံးဖို့ပဲဖြစ်ဖြစ် စီးပွားဖြစ်စိုက်ပျိုးလိုရင်
ပဲဖြစ်ဖြစ် ဒီစာအုပ်လေးက အသုံးဝင် ပါတယ်။
အကျယ်တဝင့်မပြောတော့ဘူး ဒေါင်းလော့ဆွဲပြီတော့
လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ size က
တော့ ( 1.6 MB )ပဲရှိပါတယ်။

အောက်မှာဒေါင်းလော့ဆွဲလိုက်ပါ
ဒေါင်းရန် - Click here




Credit - http://itmastergroup.blogspot.com

လမ်းခွဲရှင်းတမ်း

တစ်ညနေမှာ လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။

စာအုပ်စင် ---- ကျွန်မဝယ်ထားတဲ့အရာ

မှန်ဘောင် ---- ကျွန်မဝယ်ထားတဲ့အရာ

တိုင်ကပ်နာရီ ---- ကျွန်မဝယ်ထားတဲ့အရာ

ကုလားထိုင် ----- ကျွန်မဝယ်ထားတဲ့အရာ

အထက်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။
မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။

 စောင် ---- အခမဲ့

အင်္ကျီစင် ----- အခမဲ့

ဓာတ်ဗူး ----- အခမဲ့

တယ်လီဖုန်း ----- အခမဲ့

စာအိတ်နှစ်ရာ ---- အခမဲ့

အကြိမ်ပေါင်းများစွာ ကြိုပို့ ---- အခမဲ့

ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု ----- အခမဲ့

 ရှော့ပင်းကြိုပို့---- အခမဲ့

အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။

 နောက်ပြီး...... အင်္ကျီ၊ ပန်းစည်း အားလုံးအခမဲ့ သင့်အတွက် စိုးရိမ်ကြောင့်ကြမှု၊ သင်စိတ်ချမ်းသာ ပျော်ရွှင်မှု အားလုံးဟာလည်း အခမဲ့ပါ။ အထက်က အရာအားလုံးပေါင်းပြီး သင့်ကိုချစ်ခဲ့တဲ့ အချစ်စစ်ဟာလည်း အခမဲ့ပါပဲ။ ယောက်ျားရဲ့ရှင်းတမ်းကိုကြည့်ပြီး သုတ်သိမ်းလိုက်တဲ့ မျက်ရည်တွေ မိန်းမရဲ့ပါးပြင်ပေါ် စီးကျလာပြန်တယ်။ နှုတ်ဆိတ်ခေါင်းငုံ့နေရာက မျက်နှာမော့ပြီး ယောက်ျားဖြစ်သူကို ခပ်စူးစူးတစ်ချက် သူကြည့်လိုက်တယ်။ အဲဒီနောက် "အထက်က အရာတွေအားလုံး ကျွန်မယူဆောင်သွားမှာပါ။ ရှင်ဟာလည်းအခမဲ့မို့ ရှင့်ကိုလည်း ကျွန်မယူဆောင်သွားရလိမ့်မယ်" စကားအဆုံးမှာ ယောက်ျားဖြစ်သူက မိန်းမကိုရင်ခွင်ထက် တင်းတင်းလေးဆွဲပွေ့ပြီး နားနား ကပ်ပြောလိုက်တယ်။ "မောင့်ကို တစ်ပါးတည်း ယူဆောင်သွားပါ ဟန်နီ"

မူရင်းရေးသားသူ -- "Lao Hu"

 **နိုင်းနိုင်းစနေ**

မြန်မာနိုင်ငံ၏ သမ္မတများ


၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ လေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့ သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ 
စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ 
ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။ ၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************

၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့ လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့ သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။
၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့် ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး ၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

 ******************************

၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။

 ******************************

 ၄။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့ တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး ၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ် တွင်ကွယ်လွန်ခဲ့သည်။

 ******************************

၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့ တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန် အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။

 ******************************

 ၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင် တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************

 ၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊ မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။ မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့် နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************

 ၈။ဦးသိန်းစိန်(၁၉၄၅-)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။

 http://jacbaburma.blogspot.com/2013/04/blog-post_2330.html
မှတ်စုများအဖြစ်ကူးယူတင်လိုက်ပါသ

ကြယ်ပွင့်လေးရေပျော်ပါစေ

အသစ်ကြိုက်သူများအတွက်...
တေးရေး/တေးဆို - လွမ်းရင့်
Valentine Day နှင့်မသက်ဆိုင်သူများ ဆီးရီးထဲမှ " ကြယ်ပွင့်လေးရေပျော်ပါစေ " သီချင်းကို တင်ပေးလိုက်ပါတယ် ။ ကျွန်တော့်အကြိုက်ဆုံးသီချင်းလေးပါ။ သံစဉ်စာသားလေးတွေ သိပ်ကောင်းပါတယ် နားဆင်ချင်တယ်ဆိုရင်တော့...



အချစ်ရဲ့ Tempo

အေးမြခြင်းဖြစ်မလာဘူးသေသည်တိုင်အောင်ပူပန်ခြင်းထဲက လွတ်ဖို့ ဝေးတယ်အမုန်းဆိုတာက မချိတင်ကဲ ပြုံးလို့ရနိုင်သေးတယ်အမုန်းကို နင့်နင့်သီးသီး ပိုင်ဆိုင်ခွင့်ရမယ်ဆိုရှုံးစမ်းပါစေ သိမ်းယူ မှတ်တမ်းထားလိုက်မယ်အလကား အချစ်ဆိုတာ အလကားပဲနှစ်နှစ်ကာကာသာချစ်အသက်ထက်မကချစ်အဲ့ဒါဆို ဘဝပျက်ဖို့ ကျိန်းသေပီအလကား အာပလာပြောတဲ့ စကားတွေရှိသေးစွန့်လွှတ်ခြင်း ပေးဆပ်ခြင်း တဲ့နောက်ဆုံးတော့သွားချင်တဲ့လမ်းက ဒီနေရာပဲ ဒီဘူတာပဲတခါတခါ လူဖြစ်နေတော့လည်း အခက်သားသူများတွေ ပြောပြောနေတဲ့သံယောဇဉ်ကြိုးဆိုလားအင်း အဲ့ကောင်က သိပ်အာရုံနောက်တာစားမကောင်းအောင်အိပ်မရအောင် နေထိုင်အဆင်မပြေအောင် သိပ်စွမ်းတယ်ဒါကြောင့်လည်း အထက်က အကိုအမတွေက မှာတာကိုး ချစ်သူရည်စား တတ်နိုင်ဆုံး မထိတွေမိအောင်ကြိုးစားတဲ့လက်တွေ့မှနားလည်ရတယ်နောင်တ ဆိုတာ ဒါမျိုးဖြစ်မယ်အချစ်ဆိုတာ တကယ်တော့ ရင်ဝမှာ ဘာကြီးမှန်းမသိတဲ့အစိုင်အခဲအပူကြီး တလုံး ပဲတတ်လာလိုက် ကျသွားလိုက်တစ်ဆို့နေလိုက် အသက်ရှုခက်လိုက်ဦးနှောက်ထဲ အတွေးတွေပို့လိုက်နှလုံးခုန်နှုန်းတွေ Tempo တင်လိုက် လျော့လိုက်နဲ့လျှောက်ပီး စေခိုင်းနှိပ်စက်နေတာပဲအချစ်ဆိုတာ မရှိမကောင်း ရှိမကောင်းပဲအိမ်ထဲပုန်းလဲ မလုံ ထွက်ပြေးလည်းမလွတ်နဲ့တော်တော် အကျင့်မကောင်းတဲ့ အချစ်ဆိုတဲ့ကောင်.သိပ်ပူတယ်


လွမ်း ရင့်

I LOVE YOU

ကျွန်တော်ဖန်တီးထားတဲ့ FANCY အိုးလေးပါ။





Blog App

ကျွန်တော်တို့ Blog ရဲ့ App ကို ဒေါင်းချင်ရင်တော့ဒီမှာပါ
ဒေါင်းရန် -
Download (592.11 KB)