အီလက်ထရွန်းနစ်ဆက်သွယ်ရေးစံနစ်များတိုးတက်ကောင်းမွန်လာသော ယနေ့ခေတ်တွင် ကြေးနန်းဟုခေါ်သော ဆက်သွယ်ရေးစံနစ်သည်ကွယ်ပျောက်လုနီးပင်ဖြစ်ပါသည်။ အသုံးပြုသူလည်း မရှိသလောက်ပင်နည်းပါးနေပြီဖြစ်သည်။ တချို့ကြားပင်မကြားဖူးဟုဆိုသော ညီ၊ညီမလေးများလည်းရှိပါသည်။ ကြေးနန်းစံနစ်သည် လျှပ်စစ်ပစ္စည်းများ တွင်တွင်ကျယ်ကျယ် ထုတ်လုပ် အသုံးမပြုနိုင်သေးသောကာလတွင်ပေါ်ပေါက်ခဲ့သော ပထမဦးဆုံး အီလက်ထရွန်းနစ် ဆက်သွယ်ရေးပင်ဖြစ်သည်။ သို့သော် ထိုစနစ်ကို တီထွင်သူမှာ သိပ္ပံပညာရှင်တစ်ဦးမဟုတ်ပဲ ပန်းချီ၊ပန်းပု အနုပညာရှင်တစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံသား၊မက်ဆာချူးဆက်ပြည်နယ်၊ချားစ်တောင်း မြို့တွင် မွေးဖွား၍ ဆင်မြူရယ်မော့စ် ဟုအမည်တွင်သည်။ ပန်းချီနှင့်ပန်းပုသည် သူ၏အသက်မွေးဝမ်းကျောင်းပညာရပ်ပင်ဖြစ်သည်။ အောင်မြင်မှုလည်းအတော်ရရှိကာ အနုပညာဘက်တွင်ကျော်ကြားခဲ့သူဖြစ်သည်။ သို့သော် ကြေးနန်းရိုက်ကိရိယာကို တီထွင်ပြုလုပ်နိုင်ခဲ့သောအခါ ပို၍ထင်ရှားခဲ့၏။ သို့သော်ကနဦးတီထွင်သူတို့၏ ထုံးစံအတိုင်း အလွယ်တကူအောင်မြင်မှုရခဲ့ခြင်းမဟုတ်ပါချေ။ ခြောက်နှစ်ကျော် ခုနှစ်နှစ်ကာလအတွင်း ဒုက္ခပေါင်းစုံသွားသည်။ အနုပညာလုပ်ငန်းဖြင့်ဝင်ငွေဖြောင့်ခဲ့သော ဆင်မြူရယ်မော့စ်သည် ထိုတီထွင်မှုကို လုပ်ကိုင်သောကာလအတွင်း ပိုက်ဆံမရှိ၍ ထမင်းဝယ်စားရန်ပင်အခက်တွေ့သည့်အခြေအနေမျိုးကိုလည်း ကြုံတွေ့ခဲ့ရသည်။ ကြေးနန်းရိုက်ကိရိယာ၏သဘောမှာ ပို့မည့်ဘက်မှခလုတ်၏ အပိတ်၊အဖွင့်၊ရပ်နားထားမှု အစရှိသော သင်္ကေတ သုံးမျိုးကို လက်ခံမည့်ဘက်ကမှတ်သားထားရသည်။ ထိုသင်္ကေတတို့ကို ပေါင်းစပ်၍ အက္ခရာများအဖြစ် ဖတ်ရှုရပေသည်။ ဥပမာ အစက်ကလေးနှစ်စက် ( . .) ၏အက္ခရာက A ၊အစက်ကလေးနှင့်အတန်းလေး( . -- ) က B အစရှိသဖြင့်ကြေးနန်းဘာသာစကားတစ်ခုကိုလည်းကြိုတင်ရေးဆွဲပြဌာန်းထားရသည်။ တီထွင်ပြီးကာစတွင် လူအများကအထင်မကြီးခဲ့ကြသော်လည်း အမှန်တကယ်အသုံးဝင်ကြောင်းကို နားလည်လာကြသောအခါ ကြေးနန်းဆက်သွယ်ရေးသည် လုပ်ငန်းကြီးတစ်ခုအဖြစ်ပေါ်ပေါက်လာသည်။ ဒေသတွင်းဆက်သွယ်ရေးမှသည် နိုင်ငံအချင်းချင်းပင်ဆက်သွယ်လာနိုင်သည်။ ကြေးနန်းဆက်သွယ်ရေးသည် မြန်မာပြည်သို့ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင်စတင်ရောက်ရှိခဲ့သည်။ ကြေးနန်းဟုမြန်မာမှုပြုရခြင်းမှာ ဆက်သွယ်မှုပြုမည့်ဒေသအချင်းချင်း ကြေးနန်းကြိုးကြီးများသွယ်တန်း၍ ထိုကြေးနန်းကြိုးကြီးများဖြင့် လျှပ်စစ်အချက်ပြမှုများကို ပို့လွှတ်ရသောကြောင့်ဖြစ်သည်။ အင်္ဂလိပ်လို Telegraph ဟုခေါ်ပါသည်။ ဆင်မြူရယ်မော့၏ အားထုတ်မှုကြောင့် သတင်းဆက်သွယ်ရေး၏ အချိုးအကွေတစ်ခုဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။ ကြေးနန်းရိုက်သည့် တစ်လိုင်းဖြတ် ခလုတ်ကလေးများကို ဆင်မြူရယ်မော့စ်အား ဂုဏ်ပြုသည့်အနေဖြင့် မော့စ်ကီးများဟုခေါ်ဆိုခဲ့ကြသည်။ Telegraph ခေါ်ကြေးနန်း၏နောက်တွင် ပိုမိုအဆင့်မြင့်သော Teleprint ဟူသော ကြားခံဘာသာပြန်စရာမလိုဘဲ အက္ခရာတို့ကို စာရွက်ပေါ်တွင် တစ်ခါတည်းရိုက်နှိပ်ဖော်ပြပေးနိုင်သောစက်ကို တီထွင်ဝိဇ္ဇာကြီး သောမတ်စ်အက်ဒီဆင်က ဖန်တီးတီထွင်နိုင်ခဲ့သည်။ ထို့နောက်တွင် မာကိုနီဆိုသူက ကြိုးသွယ်တန်းစရာမလိုသော ကြိုးမဲ့ကြေးနန်းစနစ်ကို ထပ်မံတီထွင်ခဲ့ပြန်သည်။ ထိုကြိုးမဲ့ကြေးနန်းသည် ရေဒီယို၊တယ်လီဗီးရှင်းတို့၏ ရှေ့တော်ပြေးအခြေခံဖြစ်ခဲ့သည်။ တယ်လီဖုန်းများ၊အင်တာနက်အသုံးပြုမှုများ လွယ်ကူနေသည့်ယနေ့ခေတ်တွင် ကြေးနန်းဟူသော ရိုးရှင်းသည့်စနစ်ကလေးကို မေ့လျှော့နေခဲ့ကြပါသည်။ သို့သော် ထိုကြေနန်းစနစ်သည် သူ့ခေတ်သူ့အခါက အရေးကြီးသတင်းစကားများကို အချိန်နှင့်တပြေးညီပေးပို့နိုင်ခဲ့သည်။ ဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိပေးနိုင်ခဲ့သည်။ ဤသို့အရေးကြီးသော လူသားအကျိုးပြုလုပ်ငန်းများလုပ်ဆောင်နိုင်ခဲ့သည်ကို ဗဟုသုတအဖြစ်ရေးသားတင်ပြလိုက်ရပါသည်။
by - ကောင်းကောင်း
Dream Art...: ကြေးနန်းအကြောင်း >>>>> Download Now
ReplyDelete>>>>> Download Full
Dream Art...: ကြေးနန်းအကြောင်း >>>>> Download LINK
>>>>> Download Now
Dream Art...: ကြေးနန်းအကြောင်း >>>>> Download Full
>>>>> Download LINK Lz