Microsoft Songmith နဲ့ ရင်တွင်းဖြစ်တွေ ဆိုခွဲလိုက်ရအောင်

ခင်ဗျားရင်ထဲမှာကော တေးတစ်ပုဒ်ရှိလား။ ဖွင့်ထုတ်ပစ်လိုက်ချင်တာမျိုးလေ တစ်ခုခုပေါ့။
ဆော့ဝဲဂျိုင်းယန့်ကြီး မိုက်ကရိုဆော့က ဆော့ဝဲတစ်ခုထုတ်လုပ်လိုက်လေရဲ့။
Microsoft Songsmith တဲ့။ ခင်ဗျားရင်ထဲက တေးသွားအတိုင်း သူက လိုက်တီးခတ်ပေးပါ့မယ်တဲ့။
စမ်းကြည့်ပါဦးလား။
ဘာလိုအပ်မလဲဆိုတော့ အသံသွင်းဖို့ မိုက်နဲ့ ပြန်နားထောင်ဖို့ နားကြပ်နဲ့ပေါ့ဗျာ။
ကျနော့်လို ရေချိုးခန်း အဆိုတော်တွေ အကြိုက်ပေါ့။ (အသံဝါ၊ အသံပြာ ပြောချင်သလိုပြော၊ အသံမကောင်းဘူးပေါ့လေ)
ဆိုချင်တာ ဆို..ဘယ်တီးဝိုင်းမှ ငှါးစရာမလိုတော့ဘူး။ ဂီတ Note မကျွမ်းလည်း ရပါတယ်တဲ့။ ဘာ cord နဲ့ ဆိုချင်လည်း ဆိုချင်တာသာ ရွေးလိုက်ပါ။ သီချင်းအလိုက်ကို ခံစားပြီး တေးသွား ရအောင် ဖော်ပေးမယ် ဆိုသဗျ။ ကာရာအိုကေနဲ့ ဘာကွာလဲဆိုတော့ ကာရာအိုကေနဲ့က သူများဆိုထားတဲ့ သီချင်းအဟောင်းကိုပဲ ဆိုလို့ရတယ်။ ဒီဟာက ခင်ဗျားရဲ့ ရေတွင်းဖြစ်ကို လိုက်တီးခတ်ပေးမတဲ့။ အောက်ကနေသွားလိုက်ပါ။ trial version ပါ။
98.49mb ရှိပါတယ်
credit to - sai ko ko blog post

No comments:

Post a Comment