အချစ်ရဲ့ Tempo

အေးမြခြင်းဖြစ်မလာဘူးသေသည်တိုင်အောင်ပူပန်ခြင်းထဲက လွတ်ဖို့ ဝေးတယ်အမုန်းဆိုတာက မချိတင်ကဲ ပြုံးလို့ရနိုင်သေးတယ်အမုန်းကို နင့်နင့်သီးသီး ပိုင်ဆိုင်ခွင့်ရမယ်ဆိုရှုံးစမ်းပါစေ သိမ်းယူ မှတ်တမ်းထားလိုက်မယ်အလကား အချစ်ဆိုတာ အလကားပဲနှစ်နှစ်ကာကာသာချစ်အသက်ထက်မကချစ်အဲ့ဒါဆို ဘဝပျက်ဖို့ ကျိန်းသေပီအလကား အာပလာပြောတဲ့ စကားတွေရှိသေးစွန့်လွှတ်ခြင်း ပေးဆပ်ခြင်း တဲ့နောက်ဆုံးတော့သွားချင်တဲ့လမ်းက ဒီနေရာပဲ ဒီဘူတာပဲတခါတခါ လူဖြစ်နေတော့လည်း အခက်သားသူများတွေ ပြောပြောနေတဲ့သံယောဇဉ်ကြိုးဆိုလားအင်း အဲ့ကောင်က သိပ်အာရုံနောက်တာစားမကောင်းအောင်အိပ်မရအောင် နေထိုင်အဆင်မပြေအောင် သိပ်စွမ်းတယ်ဒါကြောင့်လည်း အထက်က အကိုအမတွေက မှာတာကိုး ချစ်သူရည်စား တတ်နိုင်ဆုံး မထိတွေမိအောင်ကြိုးစားတဲ့လက်တွေ့မှနားလည်ရတယ်နောင်တ ဆိုတာ ဒါမျိုးဖြစ်မယ်အချစ်ဆိုတာ တကယ်တော့ ရင်ဝမှာ ဘာကြီးမှန်းမသိတဲ့အစိုင်အခဲအပူကြီး တလုံး ပဲတတ်လာလိုက် ကျသွားလိုက်တစ်ဆို့နေလိုက် အသက်ရှုခက်လိုက်ဦးနှောက်ထဲ အတွေးတွေပို့လိုက်နှလုံးခုန်နှုန်းတွေ Tempo တင်လိုက် လျော့လိုက်နဲ့လျှောက်ပီး စေခိုင်းနှိပ်စက်နေတာပဲအချစ်ဆိုတာ မရှိမကောင်း ရှိမကောင်းပဲအိမ်ထဲပုန်းလဲ မလုံ ထွက်ပြေးလည်းမလွတ်နဲ့တော်တော် အကျင့်မကောင်းတဲ့ အချစ်ဆိုတဲ့ကောင်.သိပ်ပူတယ်


လွမ်း ရင့်

No comments:

Post a Comment