Unfriend day

ဖေ့စ်ဘွတ်ခ်အိမ်ရှင်းသည့်နေ့ (7DayNews Journal)တနင်္လာနေ့ကို National Unfriend Day ဟု သတ်မှတ်ကြောင်း ကြားဖူးပါသလား။ ဤအားလပ်ရက်က အစစ်အမှန်တော့ မဟုတ် ပါ။ ယင်းကို တီဗီစကားဝိုင်းတင်ဆက်သူ ဂျင်မီကမ်းမဲလ်ကတီထွင် လိုက်ခြင်းဖြစ်သည်။ သူ့အဆိုအရ ဖေ့စ်ဘွတ်ခ်မိတ်ဆွေဆိုသူထဲမှ အမျိုးအစား ငါးမျိုးကို Unfriend လုပ်သင့်သည်ဟူ၏။ဖေ့စ်ဘွတ်ခ်ကို မိမိစိတ်ဝင်စားဖွယ်ရာများ ဖတ်ရှုရန်၊ ဖလှယ်ရန်၊ ရေးသားရန်၊ ဆွေးနွေးရန်၊ အသိမိတ်ဆွေများနှင့် ရံဖန်ရံခါ ဆက်သွယ် ကြရန်၊ စာမရေး ဖုန်းမဆက်သော်လည်း ကြီးမားသော အပြောင်း အလဲများဖြစ်လာပါက မိသားစုဆွေမျိုးမိတ်ဆွေ အသိုင်းအ၀ိုင်းအတွင်း သိမြင်ကြရန် ဤစာမျက်နှာကို ဖွင့်ကြသည်။ ယင်းသို့ပြုလုပ်ရန် အတွက် မိတ်ဆွေများကို လက်ခံကြသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဖေ့စ်ဘွတ်ခ်တွင်အနှောင့်အယှက်ဖြစ်စရာ မိတ်ဆွေစာရင်းက အဆမတန်တိုး၍လာနေသည်။ ထို့ကြောင့် စိတ် ပြတ်ပြတ်သားသားချပြီး မိမိ၏ လူမှုရေးကွန်ရက်စာမျက်နှာကို အိမ်သန့် ရှင်းရေးလုပ်သလို သံယောဇဉ်ဖြတ်ကာ သန့်ရှင်းရေးလုပ်သင့်ပြီဟု လူမှု ရေးလေ့လာသူများကအကြံပြုကြသည်။အနေဝေးလှသည့် ဟိုးယခင်က ကျောင်းနေဖက် သူငယ် ချင်းဟောင်းများ၊ ခပ်ဝေးဝေးကတော်စပ်သည့် အမျိုး များ (သို့မဟုတ်) အစေးမကပ်သည့် လုပ် ဖော်ကိုင်ဖက်များနှင့် ရေးတေး တေးသာ မှတ်မိပြီး လုံးဝမသိ သူများကို မိမိ၏လူမှုရေးကွန်ရက်အတွင်း ဆက်မထားသင့်ဟု အကြံ ပေးကြသည်။ဖေ့စ်ဘွတ်ခ်သုံးသူ လူကြီးတစ်ဦးတွင် ပျမ်းမျှအားဖြင့် အွန်လိုင်း မိတ်ဆွေ ၃၃၈ ဦးခန့်ရှိပြီး ယင်းတို့အားလုံးနှင့်သာ ဆက်သွယ်နေမည် ဆိုလျှင် သင်သည် စူပါမင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လွှတ်တော်အမတ် ရွေးချယ်ခံရန် လူရနေပြီဟု ဆိုသည်။ ထို့ကြောင့် မိမိ၏ အွန်လိုင်းမိတ် ဆွေစာရင်းမှ ထုတ်ပယ်သင့်သူများကို Talk-Show တင်ဆက်သူ ဂျင်မီ ကမ်းမဲလ်က ယခုလို အကြံပြု၏။မူလတန်းကျောင်းသားဘ၀က အတန်းဖော်များအနေဝေးလွန်းသဖြင့် တစ်ကြိမ်တစ်ခါ နှုတ်ဆက်ကြရုံကလွဲ၍ ရှယ်စရာကုန်သွားမည်။ ယင်းနောက်ပိုင်းတွင် ပြောစရာမရှိ တော့ဘဲ ကြောင်တောင်တောင်နှင့် အနေခက်သည့် တစ်ချိန် ရောက်လာနိုင်သည်။ စောစောစီးစီး ဖြတ်လိုက်ပါ။အရှယ်လွန်သူများ‘‘ဒီမှာ မနက်စာဗျို့’’ဟုမနက်စာတိုင်းကိုဓာတ်ပုံရိုက်တင်နေသူ များ၊ ‘‘မနက်တိုင်းရုံးသွားရတာ စိတ်ညစ်လိုက်တာ’’ဟူ၍ နိစ္စဓူဝ လုပ်ငန်းကို တင်လောက်စရာပို့စ်ဟု ထင်နေသူများ။ ‘‘ဒီတစ်ပတ် အတွက်ကျွန်မကလေးရဲ့ (၁၁) ကြိမ်မြောက် ဓာတ်ပုံစလိုက်ရှိုးပါ။ ကြည့်ကြပါဦး၊ သိပ်ချစ်စရာကောင်းတာပဲ’’ဟု မိမိကလေး လှုပ်ရှား သမျှပုံကိုရိုက်ပြီး တင်နေသူမိခင်များ စသဖြင့် အရှယ်လွန်သူများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် ရေဒီယိုကြော်ငြာလိုပင် ဖြစ်လာသည်။ အရေးကောင်း ဒိန်းဒေါင်းဖျက်သလို သတင်းနားထောင်ရင်း၊ သီချင်း နားထောင်ရင်း ၀င်လာသည့် စိတ် ရှုပ်စရာကြော်ငြာကို မည်သူမှ မနှစ်သက်ကြပါ။ ပိုဆိုးသည်က ယင်းအရှယ်လွန်သူများ တင်သည့်ပို့စ်က များပြားလွန်းသောကြောင့် သင် တကယ်မြင်ချင်၊ ကြားချင်သည့် မိတ်ဆွေ များ၏ ပို့စ်များကို မမြင်ရတော့ခြင်းပင်။ ထို့ကြောင့် အရှယ်လွန်သူများကို ထုတ်ပစ်လိုက်ပါဟူ၏။အဟောင်းများဟောင်းတိုင်းလည်း မ ကောင်းပါ။ ရည်းစားဟောင်း များကို အမှန်တကယ်အနေအ ထား ပြောင်းပြီး မိတ်ဆွေကောင်း များ ဖြစ်မလာနိုင်ဘူးဆိုလျှင် ဖေ့စ်ဘွတ်ခ်မိတ်ဆွေအဖြစ် ဆက် မထားပါနှင့်။ သနားရအောင်က လည်း မဟုတ်၊ မိမိလမ်းမိမိဆက်လျှောက်ရမည်ဖြစ်၍ ထားစရာ အကြောင်းတစ်စုံတစ်ရာ မရှိပါ ဟူ၏။အပျော်လွန်၊ အကောင်းလွန်၊ အလှလွန်နေသူတို့၏ကြော်ငြာများအားလုံးကတော့ ဖေ့စ် ဘွတ်ခ်ပေါ်တွင် ပုံကောင်းလေး များကိုသာ တင်လိုကြသည်။ သို့ သော် သင့်မိတ်ဆွေများထဲတွင် ကြော်ငြာဝင်နေသူများလည်း ရှိ နေသည်။ သူတို့၏ လှပသည့်အိမ် များ၊ ကျောင်းများတွင်အတော် လွန်နေကြသည့် သူတို့၏ကလေး များ၊ ကောင်းလိုက်သည့်စီးပွား ရေး အောင်မြင်မှုများ၊ စား သောက်ဆိုင်အသစ်များတွင် ပလူပျံနေသည့် စားကောင်း သောက်ဖွယ်များနှင့် ကမ်းခြေ တကာတွင် အပန်းဖြေသည့် သူတို့၏ ရိုမန်တစ်စုံတွဲပုံများ။ သတင်းဆိုးတော့ မဟုတ်ပါ။ သို့ သော် ထိုသူများသည် ဘယ်တော့ မှလည်း သတင်းဆိုးဟူ၍ မရှိဘဲ အကောင်းလွန်နေသည့် သတင်း များသာ ဖြစ်နေသည်။ ဟောလိ ၀ုဒ်ရုပ်ရှင်လား။ ပုံတိုင်း ပုံတိုင်းက လည်း ပြုပြင်ထားသည့် ပုံများလို ဖြစ်နေသည်။ ယင်းသို့သော သူ များသည် တခြားသူများတင်ထား သည့် မလှမပပုံများကိုလိုက်ခ် လုပ်ပြကာ သူတို့၏ ကြွားဝါးမှုများ ကို လူကြည့်အောင် နည်းမျိုးစုံနှင့် လုပ်နေကြသည်ဟု ကမ်းမဲလ်က ဆိုသည်။ မိမိဧည့်ခန်းသည်အကြွားသန်သူများလာရောက် နှောင့်ယှက်စရာ နေရာမဟုတ်ပါ။ ကြော်ငြာခပေးပြီး ကြော်ငြာရ သည့် နေရာများသို့ သွားကြပါစေ ဟူ၏။Unfriend နှင့် Block လုပ် သင့်ကြောင်း အကြံပြုသည့်စာ ရင်းတွင် Candy Crush Request ပို့သူများ၊ တစ်ပါးသူ၏ မဆီ မဆိုင်ကလေးများ ဖေ့စ်ဘွတ်ခ် တွင် Friend လုပ်နေခြင်းများ၊ လေ့ကျင့်ခန်းကြော်ငြာသလို လေ့ ကျင့်ခန်း လုပ်နေသည့် မိမိ၏ပုံ ကိုတင်ပြီး ကြော်ငြာသူများ၊သဲ သောင်ခြေတွင် အပန်းဖြေနေ သည့် ၎င်းတို့စုံတွဲပုံတင်သူများ၊ စားသမျှဓာတ်ပုံရိုက် တင်နေသူ များ၊ နိုင်ငံရေးပြဿနာအ ကြောင်း အတင်လွန်သူများ၊စာ လုံးပေါင်းမစစ်ဘဲ ဖြစ်သလိုရေး တင်နေသူများ၊ ထိုသူများကို သင့် လူမှုရေးဧည့်ခန်းထဲက ထုတ် လိုက်ပါဟု အမေရိကန် Talk-Show တင်ဆက်သူ ဂျင်မီကမ်း မဲလ်က အကြံပြုလိုက်သည်။ဤသည်ကား အမေရိကန် လူမှုရေးကွန်ရက်စာမျက်နှာပေါ် မှ ပြဿနာများအပေါ် အမေရိ ကန်တစ်ဦး၏ အကြံပြုချက်သာ ဖြစ်ပါသည်။မှတ်ချက်(7 Days)-မနေ့တစ်နေ့ကမှ ဖေ့စ်ဘွတ်ခ်စတင်သုံးစွဲလာကြ သော မြန်မာများကိုတော့ သူက ရည်ရွယ်ပုံမရပါ။မရည်ရွယ်ဘဲ ထိခိုက်သွားပါလျှင်လည်း ဂျင်မီ ကမ်းမဲလ်ကိုသာ ဆက်သွယ်ကြ ပါကုန်။မှတ်ချက်။ တချို့ဟာတွေအမြင်တူပေမယ့်မူလတန်းကမိတ်ဆွေတွေကတော့တန်ဖိုးထားစရာပါကိုယ်တွေမှာမနဲတောင်လိုက်ရှာနေရတာ။
Credit to - Ko Hein Htet from facebook wall post

No comments:

Post a Comment